Skip to content
Laptop VS Desktop, သင့်အတွက် ဘယ်ဟာကပိုသင့်တော်မလဲ?

Laptop VS Desktop, သင့်အတွက် ဘယ်ဟာကပိုသင့်တော်မလဲ?

on

ဘယ်ဟာကိုရွေးသင့်လဲ?

ဒီနေ့ဒီအချိန်မှာ ဒီမေးခွန်းဟာ တော်တော်လေး
ဖြေရခက်တယ်ဆိုတာ ဝန်ခံပါရစေ… ဒါပေမဲ့ ဒီစာအတိုချုပ်လေးကိုဖတ်ပြီးရင်တော့
အနည်းငယ် အဖြေတစ်ခုရလိမ့်မယ် လို့
မျှော်လင့်ပါတယ်။
 
 
Laptop
-_-_-_-_-
 
အားလုံးသိကျတဲ့ အတိုင်း နောက်ပိုင်း laptop တွေ တော်တော်များများဟာ အရမ်းကို desktop လိုမျိုး အလားတူ powerful ဖြစ်တဲ့ components တွေ ပါဝင်လာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်ဘယ်ကိုသွားသွား အလွယ်တစ်ကူ သယ်သွားလို့ရတဲ့ဆိုတဲ့အချက်ကလဲ တော်တော်များများ portable user တွေအတွက် reasonable ဖြစ်တဲ့ excuse တစ်ခုပါပဲ။ နောက်ပိုင်း ထွက်တဲ့ laptop တွေ တော်တော်များများဟာလဲ ပိုမိုကြာရှည်ခံတဲ့ battery တွေ ပါဝင်လာတာကို ခဏခဏတွေ့လာရပါတယ်။ Laptop တွေ ဟာ ကျောင်းသား/ရုံးဝန်ထမ်း/light work အထူးသဖြင့် အခုလို covid pandemic ကာလ မျိုးမှာ အဓိက လောလောဆယ် work from home ရုံးသမားတွေ အသုံးပြုရင်တော့အကျိုးမရုတ်ဘူးဆိုတာတော့အမှန်ပါပဲ။ Laptop တွေဟာ များသော အားဖြင့် desktop တွေ ထက် စျေးကြီးသလို အရမ်း cheap ဖြစ်တဲ့ laptop တွေကျပြန်တော့လဲ limitations ရှိတဲ့ အတွက် gaming work streaming အတွက် high end laptop များကို ရွေးချယ်သင့်ပြန်ပါတယ်။
 
Desktop
-_-_-_-_-
Desktop တွေ ကိုသုံးသင့်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ “စွမ်းဆောင်ပေးနိုင်ခြင်း” ဟု အရိုးဆုံးပြောပါရစေ။ သင်ဟာ သာမန်ထက်ပိုပြီး လုပ်ရမဲ့ အလုပ်တွေ ဥပမာ video editing/ 3D rendering/ gaming/ word processing/ distance learning or distance working အစရှိတဲ့ အရာတွေ ကို နေ့စဉ် နီးပါပြုလုပ်ရမဲ့ user တစ်ယောက်ဆိုရင်တော့ desktop ကိုရွေးချယ်လို့ နောင်တမရစေရဘူးဆိုတာ အသေချာပါပဲ။ Desktop ရဲ့ အဓိက အားသာချက်ကတော့ components တွေ ကို upgrade လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ် လိုအပ်သလို အချိန်မရွေး STORAGE/RAM/GPU/CPU တိုးမြင့်တာ တွေ ကို ပြုလုပ်ပေးနိုင်ပါတယ်။ Desktop များ ဟာ user တွေ အတွက်လဲ dynamic ဖြစ်တယ်လို့ ပြောလို့ရပါတယ် အဘယ်ကြောင့်ဆိုသော် laptop တွေလို built in ပါဝင်ပြီးသား screen size, fixed keyboard size တွေ မဟုတ်တဲ့ အတွက် အချိန်မရွေး ကြိုက်တဲ့ အရာကို ဝယ်သုံးလို့ရသလို battery မလိုအပ်တဲ့ အတွက် အားကုန်မှာကိုလဲမပူရပါဘူး။ အားနည်းချက်က တော့ သင့်ရဲ့ desktop ကြီးကို နေရာတကာ သယ်သွားဖို့တော့ အဆင်မပြေသလို တစ်ခါတစ်ရံ desktop upgrade တွေဟာလဲ အချိန်မပေးနိုင်သူတွေ အတွက်လဲ အဆင်မပြေတာမျိုးဖြစ်တက်ပါတယ်။
 
 
စာအဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။
 
Techxido,
September 28, 2021
Leave your thought here

Related Posts

၂၀၂၆ မှာ သင့်အကောင့်တွေ အခိုးမခံရဖို့ ဘာတွေသိထားသင့်လဲ?
၂၀၂၆ မှာ သင့်အကောင့်တွေ အခိုးမခံရဖို့ ဘာတွေသိထားသင့်လဲ?

လုံခြုံရေးဆိုတိုင်း အကုန်တူတယ်လို့ မထင်လိုက်ပါနဲ့ Cybersecurity Strategy တစ်ခု အောင်မြင်ဖို့ဆိုရင် Multi-Factor Authentication (MFA) က မရှိ မဖြစ် ပါပဲ။ ဒါပေမဲ့ သတိထားရမှာက...

Read More
GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ
GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ

အခုလိုတနေ့ထက်တနေ့ အချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ Powerful ဖြစ်တဲ့ GPU ကိုဝယ်ယူဖို့ဆိုတာများစွာငွေကြေးကုန်ကျနိုင်ပါတယ်။ Mining အတွက် အသုံးပြုထားပြီးသော GPU တွေဟာ အသစ်တွေထက် ကုန်ကျစရိတ် သိသိသာသာ နည်းတာကြောင့် Crypto mining GPU ကတ်တွေကိုဝယ်ချင်လာနိုင်ပါတယ်။...

Read More
Drawer Title
Similar Products