Skip to content
GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ

GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ

on

အခုလိုတနေ့ထက်တနေ့ အချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ Powerful ဖြစ်တဲ့ GPU ကိုဝယ်ယူဖို့ဆိုတာများစွာငွေကြေးကုန်ကျနိုင်ပါတယ်။ Mining အတွက် အသုံးပြုထားပြီးသော GPU တွေဟာ အသစ်တွေထက် ကုန်ကျစရိတ် သိသိသာသာ နည်းတာကြောင့် Crypto mining GPU ကတ်တွေကိုဝယ်ချင်လာနိုင်ပါတယ်။ ဒါပေမယ့် Crypto mining GPU ကတ်တွေအကြောင်းသေသေချာချာမသိဘဲဝယ်မိရင်နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်တဲ့အတွက် mining ကတ်ဟုတ်မဟုတ် ဘယ်လိုစစ်ဆေးရမယ်၊ သူ့သဘောသဘာ၀ ဘယ်လိုတွေရှိတယ်ဆိုတာကို Techxido မှ knowledge sharing လုပ်ပေးလိုက်ပါတယ်။

 

Used GPU တစ်ခုကိုဝယ်သင့်ရဲ့လား?

ဝယ်သင့်မဝယ်သင့်ကိုမပြောသေးခင်အရင်ဆုံး GPU ရဲ့သဘောသဘာဝကိုကကြာကြာသုံးရင်ပူလာတတ်ပါတယ်။ CPU ဖြစ်ဖြစ် GPU ဖြစ်ဖြစ်ပေါ့နော်၊ GPU ကိုအချိန်တိုင်း run နေတဲ့အခါအချိန်ကြာလာတာနဲ့အမျှ GPU ဟာအပူဒဏ် ကြောင့်လုံးဝပျက်ဆီးသွားနိုင်လို့ပါ။

GPU ကကြာကြာသုံးရင်ပူတယ်။ အဲ့အပူကအမြန်မပျောက်ဘူးဆိုရင် silicon ကိုပါထိသွားစေနိုင်ပါတယ်။ အဲ့တာကြောင့် manufacturers တွေက GPU တွေကို cooling solution တွေထည့်ပြီး ထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် အဲ့တာကလည်း အပူကိုထိန်းရုံလေးဘဲထိန်းထားနိုင်တာပါ။ အချိန်ကြာလာလေ GPU ကိုထိတာများလာပြီး Crypto mining လိုအရမ်း support ပေးရတဲ့အလုပ်တွေအတွက် 24/7 သုံးဖို့ဆိုတာလုံးဝမလွယ်ကူဘဲကြာရင်ပိုဆိုးလာဖို့ သာရှိပါတယ်။

အဲ့တာကြောင့် Crypto mining GPU ကိုသုံးဖို့ဝယ်မယ်ဆိုရင် GPUရဲ့ စွမ်းရည်အပြည့်အဝကိုရနိုင်မှာ မဟုတ်ပါဘူး။ တချို့ miners တွေက mining အတွက် GPU တွေကိုရှယ်မွမ်းမံတတ်ကြပါတယ်။ ဥပမာအားဖြင့် ကတ်ကို overclock လုပ်တာမျိူး (ဒါမှမဟုတ်) BIOS အသစ်တခုကို Flash လုပ်တာမျိုးတို့ပါ။ အဲ့တာကြောင့်အသုံးပြုပြီးသား GPU ကိုဝယ်မယ်ဆိုရင် miners တွေပြုပြင်ပြီးသား၊အသုံးပြုပြီးသားတွေမဝယ်သင့်ပါဘူး။ ဒါဆိုကိုယ်ဝင်ထားတဲ့ကတ်က၊ကိုယ်ဝယ်မယ့်ကတ်က Mining (အသုံးပြုပြီးသား)ကတ်ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲဘယ်လိုနည်းတွေနဲ့စစ်ဆေးသိရှိနိုင်မလဲဆိုတာဆက်ပြီးပြောပြသွားပေးပါမယ်။

1. Check the Hardware

ပထမဆုံးစစ်ဆေးရမှာကတော့ Hardware ဖြစ်ပါတယ်။ Printed Circuit Board (PCB) မှာထူးထူးခြားခြားရှိမရှိစစ်ဆေးပေးပါ။ အရောင်ကွဲတာမျိုးရှိလား။ ဘာကြောင့်လဲဆိုတော့ GPU ဟာ အရမ်းပူတဲ့အပူချိန်ကိုအချိန်ကြာမြင့်စွာထိတွေ့ထားရရင် PCB ဟာအရောင်ပြောင်းတာမျိူးဖြစ် တတ်လို့ပါ။

အလားတူဘုတ်ပေါ်တွင်လည်းစစ်ဆေးပေးပါ။ ကြာရှည်စွာ run တာမျိုးတူညီတဲ့အခြေအနေမျိုးမှာ ဆိုရင် GPU ဟာအလွန်မြင့်မားတဲ့အပူချိန်ကိုခံထားရကြောင်းဖော်ပြနေပါတယ်။

နောက်တစ်ချက်က ချစ်ပ်ပြားတစ်ဝိုက်မှာ ဆီရှိနေလားစစ်ဆေးပေးပါ။ GPU ပတ်လည်မှာရှိတဲ့ ဆီတွေဟာဘုတ်ပေါ်သို့အပူဒြပ်ပေါင်းများစွာယိုစိမ့်နေတာမျိူးဖြစ်တတ်လို့ပါ။ဒါဟာလဲ mining လုပ်ထားတဲ့ GPU ဖြစ်ကြောင်းထင်ရှားတဲ့လက္ခဏာဘဲ ဖြစ်ပါတယ်။

နောက်ဆုံးတွင် GPU cooling solution ကိုခွဲထုတ်ပြီးချစ်ပ်များပေါ် တွင်လုံလောက်တဲ့ အပူဒြပ်ပေါင်းပါဝင်ကြောင်း သေချာအောင်စစ်ဆေးပေးပါ။ Thermal compound မရှိခြင်းကြောင့် GPU ဟာလုံလောက်သောအအေးခံခြင်း (inadequate cooling) မရှိဘဲ အချိန်ကြာအလုပ်လုပ်နေတာကိုပြနေပါတယ်။ GPU ကိုစတင်မ run ခင်အထက်ကဖော်ပြခဲ့တဲ့ပြသာနာတွေရှိနေလား စစ်ဆေးကြည့်ပေးပါ။ အပေါ်ကဖော်ပြခဲ့တဲ့အချက်တစ်ခုခုသာတွေ့ခဲ့မယ်ဆိုရင် Hardware ဟာ GPU Mining Card ဖြစ်နေတတ်လို့ အခြား GPU အသစ်တစ်ခုကိုရှာလိုက်တာပိုကောင်းပြီး ပြာသာနာအပေါင်းကလွတ်ကင်းစေမှာဘဲဖြစ်ပါတယ်။



2. Check GPU BIOS

Miners တွေဟာ graphics card ရဲ့ mining စွမ်းဆောင်ရည်တွေပိုကောင်းအောင်သူတို့ရဲ့ GPU တွေကို BIOS အသစ်တွေနဲ့မကြာခဏ Flash လုပ်လေ့ရှိကြပါတယ်။ အဲ့လို Flash လုပ်တဲ့အခါမှာ memory timings တွေကိုလျှော့ချခြင်း memory clock အမြန်နှုန်းများကိုတိုးမြှင့်ခြင်း၊ for better thermals ကတ်ကိုအား လျှော့စေခြင်းနဲ့တခြားသော လုပ်ဆောင်မှုပိုမိုမြန်ဆန်စေခြင်းတို့တွေလုပ်လေ့ရှိကြပါတယ်။

Crypto mining BIOS ရဲ့အဓိကပြသာနာက Gaming အတွက်ကောင်းကောင်းအလုပ်မလုပ်နိုင်တာပါဘဲ။ Gaming experiences စွမ်းဆောင်ရည်တွေလျှော့ကျသွားစေနိုင်ပြီး တချို့ Game တွေဆို Start လုပ်မရတော့တဲ့အထိဖြစ်နိုင်ပါတယ်။အဲ့တာကြောင့်ကတ်မှာအရင်ဆုံး modified/tweaked BIOS ရှိမရှိစစ်ဆေးဖို့လိုအပ်ပါတယ်။ GPU ရဲ့ကတ်တွေမှာ Flash ထားတဲ့မတူညီတဲ့ BIOS Version တွေကိုခြေရာခံဖို့ built-in mechanism မရှိပါဘူး။ ဒါကြောင့်ကတ်ရဲ့လက်ရှိ BIOS Version ကိုသာမြင်နိုင်ပြီး၊ထို BIOS Version ကို ကိုယ်သိရှိထားတဲ့ တခြား version တွေနဲ့ကိုက်ညီမှုရှိ မရှိ စစ်ဆေးလို့ရပါတယ်။ ဘယ်လိုစစ်ဆေးလို့ရနိုင်မလဲဆိုတာဆက်ပြီးပြောပြပေးပါ့မယ်။

GPU BIOS version ကိုစစ်ဆေးနည်း-

1.Computerပေါ်တွင် GPU-Z ကို download လုပ်ပြီးထည့်သွင်းပါ၊၊ ထို့နောက် GPU-Z ကို run ပြီး GPU ၏ BIOS Version ကိုရယူပါ။

2.ထို့နောက်BIOS Version ကို Techpowerup VGA BIOS ဒေတာဘေ့စ်ရှိ version များနှင့်နှိုင်းယှဥ်ပါ။

3.အဲ့ဒီမှာ ဖော်ပြထားတဲ့ BIOS version ကိုတွေ့ရင် ဂိမ်းဆော့ထားတဲ့ BIOS ရှိပါတယ်။ဒီလိုမှ မဟုတ်ရင် modified BIOS ကိုအသုံးပြုနေကြောင်းထင်ထင်ရှားရှားပေါ်လွင်နေမှာဖြစ်ပါတယ်။

BIOS Verification ဟာ GPU Model ကို data base ထဲမှာစာရင်းမသွင်းနိုင်တာဟာဖြစ်နိုင်ချေရှိပါတယ်။ အဲ့တာကြောင့် Hardware ကိုအရင်ဆုံးစစ်ဆေးပေးပြီး Display အပြည့်အစုံကိုကြည့်ရန် software ထဲကိုဝင်ပေးရပါမယ်။

 

3. RUN GPU Benchmarks

Mining အတွက်သုံးထားတဲ့ GPU တွေဟာအခြား non-mining card တွေထက် faming မှာ စွမ်းဆောင်ရည်မှာနိမ့်နိုင်ပါတယ်။ Cryptocurrency mining GPU တွေဟာ 24/7 လုပ်ဆောင်ရတာ ကြောင့်ကြာလာလေ အထိအခိုက်များပြီး စွမ်းဆောင်ရည်လျှော့ကျကာ နောက်ဆုံးပြုပြင်မရတဲ့အထိ ဖြစ်နိုင်ပါတယ်။ Mining card ကိုသုံးနေရင်းနဲ့လဲသိသိသာသာစွမ်းဆောင်ရည်ကွာခြားမှုရှိမရှိသိနိုင်ပါတယ်။ Mining card တွေကိုအချိန်တိုအတွင်းအသုံးပြုထားတာမျိုးကတော့ စွမ်းဆောင်ကျဆင်းတာမျိူးမရှိပါဘူး။ GPU ကတ်ကိုလုံလောက်သောအအေးပေးပြီးချို့ယွင်းချက်ရှိ မရှိ/တနည်းအားဖြင့် mining card ဟုတ်မဟုတ်သိနိုင်ဖို့ပိုမိုခက်ခဲလာသော်လည်း second handed GPU ဟာကောင်းမွန်ကြောင်းတော့လက်ခံလို့ရပါတယ်။

4. Check for Overclocking

Hardware နဲ့ software မွမ်းမံမှုတွေကလွှဲပြီး mining GPU တွေဟာမကြာခဏ overclocked memory speed ရှိပါတယ်။ VRAM မြန်နှုန်းနှင့် GPU ကြိမ်နှုန်းကို overclocking လုပ်ပါက hash rate ကိုသိသိသာသာမြှင့်တင်နိုင်ပါတယ်။ ဆိုလိုချင်တာကတော့ miner အားလုံးနီးပါးသူတို့ရဲ့ GPU တွေကို overclock လုပ်နိုင်ပါတယ်။ အောက်ပါဖော်ပြပါအတိုင်း overclocking ကိုစစ်ဆေးနိုင်ပါတယ်။

-ပထမဦးဆုံး GPU-Z ကို download လုပ်ပေးပါ။

-Program ကိုဖွင့်ပြီးနာရီအမြန်နှုန်းများကိုမှတ်သားပါ။ပြီးလျှင် ကတ်ရဲ့နာရီအမြန်နှုန်းများကို Internet ပေါ်ရှိအခြားသူများနဲ့နှိုင်းယှဥ်ကြည့်ပါ။

-GPU အမြန်နှုန်းများဟာ မတူညီသောထုတ်လုပ်သူများစွာကြောင့် ကွဲပြားနိုင်သဖြင့် အမြန်နှုန်းများကို exact model များနှင့်နှိုင်းယှဥ်ကြည့်ခြင်းဖြင့်သိရှိနိုင်မည်ဖြစ်ပါသည်။

 

Not all mining cards are bad!

Mining card ကို game ဆော့ဖို့အတွက်အသုံးမပြုဘူး၊အခြား options တွေအတွက်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ သို့သော် graphics card မှာ display output ရှိပြီး Hardware ပျက်ဆီးမှုမရှိခြင်းနှင့်ပုံမှန် BIOS ရှိပါကပြသာနာတစ်စုံတရာမရှိဘဲ Gaming အတွက်အသုံးပြုနိုင်ပါတယ်။ တကယ်လို့ ကို့ကိုယ်ကို Crypto mining အတွက်အသုံးပြုခဲ့တဲ့ GPU ကိုဝယ်ယူအသုံးပြုမိနေလားလို့သံသယဖြစ်ရင် GPU ကိုအရင်ဆုံးစစ်ဆေးပြီး အထက်ပါဖော်ပြပါကျန်နည်းလမ်းလေးတွေနဲ့လဲစစ်ဆေးသိရှိနိုင်ပါကြောင်းကျွန်တော်တို့ Techxido မှ Sharing လုပ်ပေးလိုက်ပါတယ်။


Techxido,
12/10/2022

    Related Posts

    4 Best Gaming Monitors of All Time!
    May 19, 2022
    4 Best Gaming Monitors of All Time!

    Best Gaming Monitor: Samsung LC32G75TQSNXZA   ကျွန်ုပ်တို့ စမ်းသပ်ပြီးသော အကောင်းဆုံး ဂိမ်းမော်နီတာမှာ Samsung LC32G75TQSNXZA ဖြစ်သည်။ ဂိမ်းကစားသူအများစု နှစ်သက်စေမည့် ဂိမ်းကစားနည်းကောင်းများပါရှိပါသည်။ ၎င်းသည် 27...

    Read More
    2022 ခုနှစ်တွင် အကောင်းဆုံး 120Hz မော်နီတာသုံးသပ်ချက်များ၊ အမိုက်စားဂိမ်းဆော့သည့်ရုပ်ပုံများအတွက် 4 ချက်!
    May 17, 2022
    2022 ခုနှစ်တွင် အကောင်းဆုံး 120Hz မော်နီတာသုံးသပ်ချက်များ၊ အမိုက်စားဂိမ်းဆော့သည့်ရုပ်ပုံများအတွက် 4 ချက်!

    ✔အကောင်းဆုံးဂိမ်းကစားခြင်းအတွေ့အကြုံကို ခံစားလိုပါက 60Hz ဂိမ်းမော်နီတာများကို မေ့ထားလိုက်ပါ။ 60Hz မော်နီတာများသည် ဂိမ်းဆော့ရန် သင့်လျော်သော်လည်း ၎င်းတို့သည် ကြံ့ခိုင်ပြီး မြန်ဆန်သော ဂိမ်းကစားခြင်းအတွက် မသင့်တော်ပါ။ ✔အကောင်းဆုံး 120Hz မော်နီတာကို ဘာကြောင့် လိုအပ်တယ်ဆိုတာ သသံသယရှိနေတုန်ပဲလား။​အကယ်၍...

    Read More
    Drawer Title
    Similar Products