Skip to content
ကိုယ်ကိုတိုင် PC build လုပ်ခြင်း နဲ့ အချက် ၉ ချက်

ကိုယ်ကိုတိုင် PC build လုပ်ခြင်း နဲ့ အချက် ၉ ချက်

on

1. လိုအပ်တဲ့ပစ္စည်းအတိအကျကိုမိမိဘာသာ၀ယ်ယူနိုင်ခြင်း။
မိမိပြုလုပ်မယ့်အလုပ်အကိုင်၊ ဥပမာ PC က gaming အတွက်လား Video Editing လားဘာ
အတွက်လဲဆိုတာကိုအခြေခံပြီး မိမိကိုယ်တိုင် တပ်ဆင်မယ့်ပစ္စည်းကိုရွေးချယ်နိုင်ခြင်း။
 
2. ကိုယ့် PC အကြောင်း ကိုယ်ပဲသိတယ်
ဆိုလိုတာက၊ မိမိကိုယ်တိုင်တည်ဆောက်ထားတာ
ဖြစ်လို့ တစ်ခုခုချို့ယွင်းနေပြီဆိုရင် အတိအကျမသိရင်တောင်အနီးဆက်ဆုံး ခန့်မန်းနိုင်ပါတယ်။
 
3. အရစ်ကျစနစ်ထက်ပိုပြီးဈေးသက်သာတယ်
အကယ်၍ သင်ဟာ ငွေအမြောက်အများကိုတစ်ခါတည်းမရှင်းချင်ဘူးဆိုရင်၊ PC တည်ဆောက်တဲ့အခါမှာ လိုအပ်တဲ့ပစ္စည်းတွေကို တစ်လချင်းစီ၀ယ်စုနိုင်ပါတယ်။ အရစ်ကျစနစ်သုံးမယ်ဆိုရင်လည်းအပိုငွေကြေး ကုန်ကျစေတာမလို့ ငွေပိုမသုံးချင်သူတွေအတွက်အဆင်ပြေဆုံးပါပဲ။
 
4. ဗဟုသုတနဲ့ဉာဏ်ပိုကောင်းစေပါတယ်။
PC တည်ဆောက်ခြင်းကအရမ်းအလွယ်ကြီးထဲမှာ
မပါတဲ့အတွက်ကြောင့် PC နဲ့ပတ်သတ်တဲ့အသိဉာဏ်အမြောက်အများလိုအပ်ပါတယ်။ သင်မသိတဲ့ အကြောင်းအရာတွေကို ရှာဖွေလေ့လာရတဲ့အတွက်ကြောင့် အသိဉာဏ်တိုးပွားစေပါတယ်။
 
5. Style it! Pick your perfect case designs!
Pre-built PC တွေမှာ Casing ဒီဇိုင်းမျိုးစုံရှိတာ
မှန်ပေမယ့် ကန့်သတ်ထားပါတယ်၊ some of the designs are limited. ကိုယ်တိုင်တည်ဆောက်
ရင်တော့ casing ပေါင်းမြောက်များစွာထဲက စိတ်ကြိုက်ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ custom sleeved cable တွေ ကိုယ်ကြိုက်တဲ့အရောင်တွေနဲ့ ပေါင်းဆက်ပြီး fan အရောင်တွေက အစ အနုပညာဆန်ဆန် theme ပါ ဖန်တီးနိုင်ပါတယ်။ စိတ်ပါရင် custom made design တွေ ဆေးပြန်မှုတ်တာတွေလုပ်နိုင်ပါသေးတယ်။
 
6. Improve your computer problem solving skills!
PC တစ်ခုကိုတည်ဆောက်တဲ့အခါမှာ newcomers တွေအနေနဲ့ ကြုံရမယ့် ပြဿနာတွေအမြောက်အများရှိနိုင်ပါတယ်။ အဲ့တာတွေကိုဖြေရှင်းရင်းနဲ့ computer problem solving skills တွေတိုးတက်လာမှာကတော့ ငြင်းဆန်လို့မရပါဘူး။
 
7.ပိုက်ဆံကုန်သက်သာနိုင်ခြင်း
ဒီအချက်ကတော့အဓိကကျပါတယ်။ များသောအားဖြင့်ကိုယ်လိုအပ်တဲ့ components တွေနဲ့ budget ကို
အတိအကျသိပြီဆိုလျှင် စျေးနူတ်းတွေစုံစမ်းပြီး
ဝယ်ယူနိုင်တဲ့အတွက် အများကြီး ပိုက်ဆံကုန်
သက်သာစေနိုင်ပါတယ်။
 
8.တဖြည်းဖြည်း Upgrade ပြုလုပ်နိုင်ချင်း။
များသော်အားဖြင့် ကိုယ်ပိုင် PC တစ်ခုကို build လုပ်သည့်အခါ ကိုယ်ရဲ့ budget အတွင်း ဝင်အောင် ပြုလုပ်ပြီးမှ တဖြည်းဖြည်း အချိန်ယူပြီး လိုအပ်သလို PC ကို upgrade လုပ်သွားချင်းဟာ တစ်ကယ့်ကို အသုံးပြူတာတန်ရာ ရောက်သလို ကိုယ့်ရဲ့ ပိုက်ဆံကိုလဲချွေတာရာရောက်စေမှာအမှန်ပါပဲ။
 
 
9.It's exciting!
Online က မှာထားတဲ့ပစ္စည်းတွေရောက်လာလို့
စိတ်ညစ်တဲ့သူရယ်လို့မရှိပါဘူး။ Pre-built PC ကို၀ယ်လိုက်ရင် PC ကြီးကတစ်ခါတည်းပဲအိမ်ကိုရောက်လာမှာပါ။ ကိုယ်တိုင် PC တည်ဆောက်
ရင်တော့ မှာထားတဲ့ PC components တွေခဏခဏရောက်လာမှာဖြစ်တဲ့အတွက် ခဏခဏ exciting ဖြစ်စေပါတယ်။ အားလုံးပြီးစီးတဲ့အခါမှာလည်းပျော်ရွှင်စေမှာဖြစ်သလို၊ အသုံးပြုနေစဉ်မှာလည်း ပျော်ရွှင်စေမှာဖြစ်ပါတယ်။ ဒီအရသာမျိုးဟာ တစ်ကယ်ပျော်ရွင်ဖို့ကောင်းစေမှာ အမှန်ပါပဲ။
“Take a chance because you never know how absolutely perfect something could turn out to be” - Wiz Khalifa

Techxido, Jan 13th 2022
 

Related Posts

GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ
October 12, 2022
GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ

အခုလိုတနေ့ထက်တနေ့ အချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ Powerful ဖြစ်တဲ့ GPU ကိုဝယ်ယူဖို့ဆိုတာများစွာငွေကြေးကုန်ကျနိုင်ပါတယ်။ Mining အတွက် အသုံးပြုထားပြီးသော GPU တွေဟာ အသစ်တွေထက် ကုန်ကျစရိတ် သိသိသာသာ နည်းတာကြောင့် Crypto mining GPU ကတ်တွေကိုဝယ်ချင်လာနိုင်ပါတယ်။...

Read More
4 Best Gaming Monitors of All Time!
May 19, 2022
4 Best Gaming Monitors of All Time!

Best Gaming Monitor: Samsung LC32G75TQSNXZA   ကျွန်ုပ်တို့ စမ်းသပ်ပြီးသော အကောင်းဆုံး ဂိမ်းမော်နီတာမှာ Samsung LC32G75TQSNXZA ဖြစ်သည်။ ဂိမ်းကစားသူအများစု နှစ်သက်စေမည့် ဂိမ်းကစားနည်းကောင်းများပါရှိပါသည်။ ၎င်းသည် 27...

Read More
Drawer Title
Similar Products