Preparation
ပထမဦးဆုံးအနေနဲ့ က တော့ ကိုယ့် build လုပ်မဲ့ workspace နေရာကို သေချာရှင်းထားပါ ပစ္စည်းတင်ပြီး လုပ်လို့ ရမဲ့ သစ်သားထမင်းစားပွဲ လိုမျိုး ဆိုပိုပြီး ပစ္စည်းတင်လို့ကောင်းပါတယ်။ ဝက်အူလည့် screw driver တစ်ချောင်းလိုပါမယ်။ ကိုယ်ဝယ်ထားတဲ့ Computer Components တွေ မှာ manual လေးတွေပါမှာဖြစ်ပါတယ် အဲ့ဒီ manual တွေ မှာ instructions ပါတဲ့ အတွက်မပျောက်ဖို့လိုပါတယ်။
CPU Installation
ဒုတိယအဆင့်အနေနဲ့ က တော့ motherboard ပေါ်မှာ CPU ကို စတင်ပြီး install လုပ်ရပါမယ်။ CPU ကို နေရာချဖို့ လုပ်တဲ့ အခါမှာ သတိထားရပါမယ် ကိုဝယ်လာတဲ့ chip ပေါ်မှာ မှုတီပြီး (intel or amd ) ဘေးကအနားသတ်လေးတွေ က နည်းနည်းစီကွဲပြားပါလိမ့်မယ််။ အဓိက အရေးကြီးဆုံးကတော့ အဲ့ဒီဘေးနားကို နစ်ခုကို သေချာစွာ ကိုင်တွယ်ဖို့လိုပြီး အတွင်းသားတွေ ဘေးအောင်တွေ လက်နဲ့ရှောက်မကိုင်မိဖို့ပါပဲ ကိုယ့်ရဲ့လက်ထိပ်က အစီတွေဝင်ပြီး ပျက်စီးသွားစေနိုင်ပါတယ်။ ဘေးက pin လေးတွေလဲ ကွေးသွားနိုင်ပါတယ်။ အကောင်းဆုံးက တော့ motherboard manual ကို သေချာကြည့်ပြီးလုပ်ပါ။ CPU အများစုဟာ lock လုပ်ထားပြီးသားဖြစ်တဲ့ အတွက် unlock လုပ်ဖို့လိုပါတယ်။ တချို့ နောက်ပိုင်း socket တွေ မှာတော့ (ဥပမာ AMD TR4 ) unlock မလုပ်ရပဲနဲ့ တစ်ခါထဲ ထည့် စိုက်သွင်းပေးပြီး သူရဲ့ ပါလာတဲ့ ဝက်အူလည့် နဲ့ကျပ်ရပါတယ်။ သေချာအောင် manual ကို ဖတ်ပေးသင့်ပါတယ်။ သေချာဖတ်ပြီးပြီဆိုတာ နဲ့ သေသေချာချာ motherboard ပေါ်မှာ နေရာချဖို့လုပ်ရပါမယ်။ motherboard ပေါ်မှာ လေးဘက်လေးနား ကိုယ်ထည့်သွင်းမယ့် Chip နဲ့ အံဝင်ခွင်ကျ ဖြစ်မဲ့ နေရာမှာ စိုက်သွင်းရမှာဖြစ်ပါတယ်။ တော်တော်များများ motherboard တွေမှာ CPU ထည့်သွင်းရမဲ့ နေရာနဲ့ အဖုံးကိုဘယ်လိုလှန်ရမလဲဆိုတာ ဖော်ပြထားပါတယ်။ ညင်သာစွာနဲ့ chip ကို လေးဘက်လေးနား အံဝင်ခွင်ကျဖြစ်မဲ့ နေရာကို တင်လိုက်ပါ။ တော်တော်များများ CPU တွေမှာ “remove” ဆိုပြီးဖော်ပြထားပေးပါတယ်။ chip ကို သေသေချာစိုက်ပြီးသွားတာ နဲ့ ဖွဖွလေး ဖိပေးရပါတယိ။ အားနဲ့ဖိချဖို့ လုံးဝ မလုပ်ပါနဲ့! ပြီးတာနဲ့ သူဖော်ပြပေးထားတဲ့ အတိုင်း နောက်ဆုံးမှာ lever လေးကိုဆွဲချပြီး chip ကို ညပ်ထားပေးရပါတယ်။ နောက်ဆုံးမှာ အဖုန်းလေးကို ဆွဲခွါလိုက်ရင် တော့ CPU ဟာ motherboard socket ထဲကို စိုက်ဝင်သွားပါပြီ။
နောက်တဆင့်နေ နဲ့ က တော့ thermal paste အရည်ကို အသင့်အတင့် socket ဘေးဘက် အနား တွေ မဖိတ်မကျအောင် ဂရုစိုက်ပြီး အသင့်အတင့် သုတ်ပေးရပါမယ်။ ဒီ paste သုတ်ပေးဖို့ အတွက် ကိုတော့ သေချာ youtube မှာ လေ့လာသင့်ပါတယ်။ ပြီးတာနဲ့ CPU cooler ကို အပေါ်ဆုံးက နေ ထက်တင်ပေးရပါတော့ မယ်။ Cooler တွေ မှာ အောက် က aluminium နဲ့ ပြုလုပ်ထား တဲ့ heat sink ဆိုတာ ပါဝင်ပါတယ် သူကို့လဲ manual ကို သေချာဖတ်ပြီး မှုလီတွေ လိုက်ကျပ်ပေးရပါတယ်။ ဒီအချက် က တော့ နောက်ဆုံး အချက်ဖြစ်ပြီး သင်ရဲ့ CPU installation ပြီးသွားပါပြီ။ ဒီအဆင့်ဟာ စာရေးသူအတွက်တော့ အခတ်ခဲဆုံးအဆငိ့ပါ။
Installing Memory and Storage
ဒီအချက်ကတော့ လွယ်တယ်လို့ယူစနိုင်ပါတယ်။Motherboard ပေါ်မှာ memory (RAM)
စိုက်မဲ့ နေရာ ဖော်ပြပေးထားပါတယ် သူပြထားတဲ့ socket အတိုင်း အံဝင်ဂွင်ကျစိုက်သွင်းပေးရပါတယ်။
Installing Storage
အသုံးပြုမဲ့ storage ပေါ်မှာ မှုတီပြီး CASE မှာ Hard disk အတွက် နေရာ အလွတ်လေးဖော်ပြထားပါတယ်် အဲ့ဒီမှာ စောင်းစိုက်လိုက်ပြီး မှုလီကျပ်ပေးလိုက်ရင်ရပါပြီ။ အသုံးပြုမဲ့ storage က SSD M.2 Drive ဆိုရင်တော့ motherboard ပေါ်မှာ slot စိုက်ရမဲ့ နေရာ ဖော်ပြထားပါတယ် ဒါက လည်း motherboard manual ထဲ မှာပါဝင်ပါတယ်။
Installing Motherboard and PSU
အပေါ်ကအဆင့်တွေအားလုံးပြီးသွားပြီ ဆိုရင်တော့ Case ထဲ ကို motherboard manual မှာဖော်ပြထားတဲ့ position အတိုင်း ထည့်သွင်းရပါမယ်။ screw တွေ လိုက်ကျပ်ပေးရပါတယ်။ PSU အတွက် က တော့ CASE ရဲ့ အောက်ဆုံး မှာ သို့မဟုတ် အပေါ်ဆုံး မှာသီးသန့် နေရာလွတ် ပါရှိပါတယ်။ အကောင်းဆုံးက တော့ power plug case ထဲ ကနေထွက်လို့ရမယ် သိသိသာသာ လေးထောင့်နေရာလွတ်ကို ရှာကြည့်ပါ။ ပြီးတာနဲ့ screw ကျပ်ပေးရပါတယိ။ power supply က နေ ထွက်မဲ့ ကြိုးတွေ အားလုံးဟာ လွတ်လွတ်လပ်လပ် motherboard ကို သွားလို့ရအောင် လုပ်ဆောင်ပေးပါ။ သတိ: PC build တစ်ခုလုံးမပြီးမချင်း Plug ထိုးပြီး power မဖွင့်ပါနဲ့!
Installing GPU
Graphic card စိုက်ဖို့ အတွက် PCIe slot ကို ရှာပေးပါ။ Motherboard manual ကိုလဲ ဖတ်ပေးပါ။ GPUကို အလျားလိုက်လေး motherboard ရဲ့ slot ထဲ စိုက်သွင်းပေးရမှာ ဖြစ်တဲ့ အတွက် motherboard ပေါ်မှာလဲ အလျားလိုက် gpu ထည့်သွင်းပေးရမဲ့ အရှည်တန်းတန်းလေးရှိပါတယ်။ ဘေးမှာဖိသွင်းဖို့ ကလုတ်လေးတွေ ပါဝင်ပါတယ်။ GPU ရဲ့ အနောက်ဘက်မှာ ပါရှိတဲ့ HDMI port/ Display port တွေဟာ PSU တုန်းက လို CASE အနောက် ပေါက်ကိုထွက်နေရမှာဖြစ်ပါတယ်။ GPU အတွက် manual ပါရင် သေချာဖတ်ကြည့်ပြီး screw ကျပ် ကလုတ်ဖိ စသည်တို့ကို လုပ်ပေးရပါမယ်။ PSU က ထွက်လာတဲ့ကြိုး လေးတွေ ကို GPU မှာ စိုက်သွင်းရမှာ ဖြစ်တဲ့ အတွက်ကြောင့် သေချာ အောင် youtube မှာ video ရှာကြည့်သင့်ပါတယ်။
Cabling
အခုဆိုရင် ကြိုးတွေ နဲ့ ရှုပ်ချက်ခတ်နေပါလိမ့်မယ်။ အဓိက နားလည်ထားရမှာ က motherboard က နေ အပေါ်က install လုပ်ခဲ့တဲ့ component အားလုံးကို ချိတ်ဆက်ပေးရမှာ ဖြစ်ပါတယ်။ အထက်ပါစာထဲမှာ PSU ကို fully modular သုံးဖို့အကြံပေးခဲ့ပါတယ်။ Fully modular ဟာ မလိုအပ်တဲ့ကြိုးများကို ဖြုတ်/တက် ထားနိုင်တဲ့ အတွက် case ထဲမှာ ရှုပ်မနေတော့ပါဘူး။ Component တစ်ခုနဲ့တစ်ခု ချိတ်စက်အသုံးပြုပေးပုံမှာ မှုတီပြီး ကြိုးတွေစပ်ရပါမယ်။ ဥပမာ PSU to SSD, GPU to Motherboard. ဒီအပိုင်းဟာ ကိုယ်ဝယ်ထားတဲ့ hardware ပေါ်မှာ အများကြီးမှုတီလို့ Manual သေချာ ဖတ်ကြည့် youtube video ရှာပြီး ဘယ်ကြိုးက ဘယ်ကို သွားလဲ ဆိုတာက်ို လေ့လာလိုက်ရင် နားလည်သွားမှာဖြစ်ပါတယ်။
နောက်ဆုံးအဆင့်အနေနဲ့ က တော့ အားလုံးချိတ်စက် အကုန်ကွတ်တိ စစ်ဆေးပြီး အလုပ်လုပ်ပြီ လို့ ယူစရရင် တော့ POWER ခလုတ်ကို ဖွင့်ပြီး PC boot up ဖြစ်မဖြစ်သူ၏ အသံကိုနားထောင်ကြည့်ပါ။ PC က မတက်လာဘူး ဆိုရင်တော့ တင်ဆင်ထားတဲ့ component တစ်ခုလွဲမှားနေတာမျိုးဖြစ်နိုင်ပါတယ်။ သေချာအောင် တစ်ခုချင်းစီပြန်စစ်ပါ။ စိတ်ဓာတ်မကျပါနဲ့ ဒါဟာ ပထမဦးဆုံးအကြိမ်ဖြစ်လို့ မှားတာမျိုးတွေလဲရှိတက်ပါတယ်။ ဒါပေမဲ ့PC တစ်ခု မနိုးလာဘူးဆိုတဲ့ အကြောင်းအရာက အများကြီး ကျယ်ပြန့်ပါတယ်။ ဒါကြောင့် သေချာ လေ့လာ သုံးသပ်ဖို့ လိုပါတယ်။ ဥပမာ ကိုဝယ်လာတဲ့ ပစ္စည်းက မကောင်းတာ, ကြိုးတက်တာလွဲတာ သေချာစစ်ကြည့်သင့်ပါတယ်။ PC run သွားပြီဆိုရင်တော့ နောက်ဆုံး အဆင့် အနေနဲ့ ပိတ်ချလိုက်ပြီး USB ထိုးပြီး မှ Window တင်ဖို့လုပ်ပါ။ USB ကို boot device အဖြစ်လုပ်ဖို့ BIOS ကို သွားဖို့လိုပါတယ်။ ဒီအပိုင်းက တော့ motherboard manual ထဲမှာ ဖော်ပြထားပါလိမ့်မယ် သို့မဟုတ်
https://docs.microsoft.com/en-us/windows-hardware/manufacture/desktop/install-windows-from-a-usb-flash-drive
ဒီလိုကာလကြီးထဲမှာ နေရင်းထိုင်ရင်း ကိုယ်ကိုကိုယ်ယုံ ယုံကြည်မှု့တိုးပွါး ၍ စူးစမ်းလေ့လာမှု့ ကြောင့် ကိုယ်အားကိုယ်ကိုးပြီး အသိပညာ ဗဟုသုတ ရရှိသွားပြီဆိုတာနဲ့ တင် စာရေးသူ အလွန် ကျေနပ်မိပါတယ်။ သင်ရဲ့ ပန်းပင်လေးတစ်ခု ကို သင် ပထမ ဦးဆုံး စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် သင် ဂုဏ်ယူလိုက်ပါ မိတ်ဆွေ။ ဤဆောင်းပါးလေးကို အဆုံးသတ်အနေနဲ့ဆရာကြီး ဦးအောင်သင်းရဲ့ စကားလုံးများဖြင့် စကားလက်ဆောင်ပါးလိုက်ပါရစေ
" ပညာဆိုတာ ဖြစ်ရပ်တစ်ခုကို တွေ့လိုက်ရင် အကြောင်းအရင်းကို ရှာဖွေတက်ခြင်းပဲ။ တစ်နည်းအားဖြင့် အကျိုးတရားတစ်ခုကို တွေ့ရင် အကြောင်းအရင်းကို ရှာတက်ခြင်းပဲပေါ့ "
Techxido, July 17th 2021 15:48 (Original Written Date)
References
Gray, J. and Nystedt, B., 2021. Want a Better PC? Try Building Your Own. [online] Wired.com. Available at: <https://www.wired.com/story/how-to-build-a-pc/> [Accessed 17 July 2021]. Orr, L., 2021. Why now’s a great time to build your own gaming PC. [online] Metro. Available at: <https://metro.co.uk/2021/07/08/why-nows-a-great-time-to-build-your-own-gaming-pc-14894295/> [Accessed 16 July 2021]. Picker, P., 2021. [online] pcpartpicker.com. Available at: <https://pcpartpicker.com/> [Accessed 17 July 2021].