Skip to content
Air Cooling နဲ့ Water Cooling!

Air Cooling နဲ့ Water Cooling!

on
Cooling ဟာ ကွန်ပြူတာအစိတ်အပိုင်းများမှ ထုတ်လုပ်တဲ့ စွန့်ပစ်အပူတွေကို ဖယ်ရှားဖို့၊ အပူချိန်ကန့်သတ်ချက်မှာ ခွင့်ပြုတဲ့ ဆောင်ရွက်ချက်အတွင်းမှာရှိတဲ့ အစိတ်အပိုင်းတွေကို ထိန်းသိမ်းဖို့ အပိုင်းတွေကိုတာဝန်ယူပေနိုင်ပါတယ်။
 
 
AIR COOLING
Air cooling ဟာ လေပန်ကာစနစ်ဖြင့်အပူကိုစွန့် ထုတ်စေသောနည်းဖြင့် လေထုအပူချိန်ကိုလျော့ချပေးတဲ့ လုပ်ငန်းစဥ် တစ်ခု ဖြစ်ပါတယ်။ ၎င်းဟာ computer အပူချိန်ကို case ကနေထုတ်ပေးပြီး cooling fins, fans, fanned coils တို့ကိုအသုံးပြုခြင်းဖြင့် အပူချိန်ကိုလျော့ချပေးကာ လေစီးကြောင်းကိုတိုးမြှင့်ပေးပါတယ်။ Air cooling ကို အပူ သိပ်သည်းဆနဲ့ ကန့်သတ်ထားပါတယ်။ ၎င်းဟာလေထုသိပ်သည်းဆနည်းပြီး အပူချိန်လွန်ကဲတဲ့ အစိတ် အပိုင်းကလေးတွေကိုတော့ လုံလောက်စွာမအေးပေးနိုင်ပါဘူး။ လေထုက အကန့်အသတ်ရှိသည့်အတွက်ကြောင့် ၎င်းကို ကျဥ်းမြောင်းသောနေရာများမှာပဲ အပူပေးနိုင်ပါတယ်။ Air cooling ဟာ ပိုကြီးသော ဒြပ်စင်နှင့် ပိုကြီးသောမျက်နှာ ပြင်ဧရိယာရှိတဲ့ အစိတ်အပိုင်းများနဲ့ တူညီပါတယ်။
 
 
WATER COOLING
Air cooling အပြင် water cooling ဟာလဲ ကွန်ပြူတာအသုံးပြုသူများအတွက် လူကြိုက်အများဆုံး cooler တစ်မျိုးဖြစ်ပါတယ်။ water cooling စနစ်မှာ အပူပိုက်များပါဝင်ပါတယ်။ ၎င်းတို့က ပိုက်များမှတစ်ဆင့် အပူကိုပို့ဆောင်ပေးတဲ့ အထူးပြုလုပ်ထားတဲ့အရည် သို့မဟုတ် gas တစ်ခုခုပါဝင်ပါတယ်။ နိုင်ထရိုဂျင်ကနေတစ်ဆင့် အအေးခံ စနစ်လည်းတချို့တွေမှာတွေ့ရမှာဖြစ်ပါတယ်။ Liquid cooling ဟာ အရည်တွေရဲ့ ဂုဏ်သတ္တိတွေကို အသုံးချပြီး တက်စင်ထားသော component တွေစက်ပစ္စည်းတွေရဲ့ အပူချိန်ကို အပူမပြန့်စေပဲလျော့ချပေးနိုင်သလို CPU ကိုလဲ အချိန်တိုင်းနီးပါး water+liquid စနစ်ဖြင့်လျော့ချပေးပါတယ်။ ၎င်းဟာ လက်ရှိနောက်ပိုင်းနည်းပညာများစွာနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ အအေးပေးသည့် နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် liquid cooling loops/custom loops များမှာ ရှိတဲ့အစိတ်အပိုင်းအချို့တွေ ကတော့ ပန့်၊ ပိုက်၊ water blocks တွေနဲ့ ရေတိုင်ကီတို့ပဲဖြစ်တယ်။ Liquid cooling ဟာ အပူချိန်ကို အချိန်တိုင်းနီးပါး constant ဖြစ်အောင် အပူလျော့ချပေးနိုင်တာကိုတွေ့ရသလို PC အပူချိန်ကိုလဲ တိကျစွာ monitor လုပ်ပေးနိုင်တာကို နောက်ပိုင်း AIO COOLER (ALL-IN-ONE) တွေမှာ တွေ့ရနိင်ပါတယ်။
 
AIR VS LIQUID
Air cooling နှင့် Liquid cooling ကိုနှိုင်းယှဥ်ကြည့်တဲ့အခါ Liquid cooling က overclocking/ rendering/ streaming အတွက် ပိုမိုထိရောက်တယ်လို့ တချို့တွေက ဆိုကြသလို Liquid cooling ဟာ အဓိက design အားဖြင့် ပိုကြည့်ကောင်းပြီး တနည်းအားဖြင့် ပို quiet ဖြစ်ကာ case အတွင်းထဲ ပိုပြီး air cooler တွေလောက်နေရာမယူဖူးလို့ ဆိုနိုင်သလို air cooler တွေ ရဲ့ အဓိက အားသာချက်ကတော့ CPU တွေ ရဲ့ heat level ကို အများကြီး လျော့ချနိုင်သလို installation ဟာ အချို့သော water cooler/ custom loop တွေ ထက် အများကြီးလွယ်ကူပါတယ်။ AIO COOLER တွေလို RADIATOR မပါလာတဲ့ အတွက်လဲ case အတွက် size and space ကို အရမ်းကြီး စဉ်းစားမပေးရပါဘူး ဒါပေမဲ့ air cooler ဟာ CPU ကိုပဲ အဓိက
ပြစ်မှတ်ထားပြီး အေးမြစေတဲ့ အတွက် heat တွေ ဟာ ပြန့်စေပြီး case အတွင်းထဲမှာ ရှိတဲ့ အခြားကို component တွေ အပူပေးလိုက်သလိုဖြစ်သွားတက်ပါတယ်။
 
 
WHICH IS BETTER?
ဘယ်ဟာပိုကောင်းတယ်ဆိုတာထက် တစ်ကယ့်လက်တွေ့ အသုံးပြူသူပေါ်မှာပဲမှုတီပါတယ်။ PRICE အရ air cooler တွေဟာ အကြမ်းမြင်းအားဖြင့် water cooler တွေ လောက်စျေးမကြီးတာကိုလဲတွေ့ရပါတယ်။ ဒါပေမဲ့ high-end cooler တွေ အတွက် က တော့ နစ်ခုစလုံး မှာ ပိုမိုကောင်းတဲ့ premium feature တွေ ဖြစ်တဲ့ stronger, bigger fans, large heatsink နဲ့ customizable/software နဲ့ control လို့ရတဲ့ huge radiator တွေ ပါဝင်တာကြောင့် brand ပေါ်မှုတီပြီး စျေးနူတ်းကွာဟမှု့ရှိနိင်ပါတယ်။
 
အသုံးပြုမဲ့ user အနေနဲ့က တော့
-Temperature control
-Sound
-Price
-Size
-Installation
စသည့် အပိုင်းများကို စဉ်းစားသင့်ပါတယ်။
 
အသုံးပြူသူတွေနဲ့ နောက်ဆုံး air cooling သို့မဟုတ် water cooling လုပ်မယ်ဆို စဉ်းစားရမဲ့ အချက်ကတော့ ကိုယ့် PC ကိုထားမဲ့ အခန်းပါပဲ။ ဥပမာ ကိုယ်နေတဲ့ အခန်းရဲ့ အပူချိန် air conditioning ရှိတဲ့ အခန်းရဲ့ အပှူချိန် တစ်ခါတရံ PC အတွင်းမှာ အေးစေပေမဲ့ အပူတွေဟာအပြင်ကိုထွက်ပြီး ကိုယ့်ရဲ့အခန်းကိုလည်း အပူချိန်တက်စေတာ စသည်တို့ကိုလဲ စဉ်းစားသင့်ပါတယ်။
 
Techxido,
October 12, 2021

Related Posts

GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ
October 12, 2022
GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ

အခုလိုတနေ့ထက်တနေ့ အချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ Powerful ဖြစ်တဲ့ GPU ကိုဝယ်ယူဖို့ဆိုတာများစွာငွေကြေးကုန်ကျနိုင်ပါတယ်။ Mining အတွက် အသုံးပြုထားပြီးသော GPU တွေဟာ အသစ်တွေထက် ကုန်ကျစရိတ် သိသိသာသာ နည်းတာကြောင့် Crypto mining GPU ကတ်တွေကိုဝယ်ချင်လာနိုင်ပါတယ်။...

Read More
4 Best Gaming Monitors of All Time!
May 19, 2022
4 Best Gaming Monitors of All Time!

Best Gaming Monitor: Samsung LC32G75TQSNXZA   ကျွန်ုပ်တို့ စမ်းသပ်ပြီးသော အကောင်းဆုံး ဂိမ်းမော်နီတာမှာ Samsung LC32G75TQSNXZA ဖြစ်သည်။ ဂိမ်းကစားသူအများစု နှစ်သက်စေမည့် ဂိမ်းကစားနည်းကောင်းများပါရှိပါသည်။ ၎င်းသည် 27...

Read More
Drawer Title
Similar Products