Skip to content
Alder Lake ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်..

Alder Lake ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်..

on
Intel ရဲ့ Alder Lake aka 12th Gen Intel® Core™ Processors ကို ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင် စျေးနူတ်းနဲ့ အောက်ပါ အကြောင်းအရာများကို ဗဟုသုအဖြစ် မျှဝေပေးပါရစေ။ 12th gen series ဟာဆိုရင် လက်တစ်လော၊ Core i9-12900K, Core i7-12700K and Core i5-12600K ဆိုပြီး အမျိုးအစား 3 မျိုးထွက်ရှိပါတယ်‌ ဒီအမျိုးအစားသုံးမျိုးကိုပဲ graphic-less KF model ဆိုပြီးတော့ အားလုံးပေါင်း 6 မျိုးထွက်ရှိထားပါတယ်။ ဒီသုံးမျိုးလုံးက Intel ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ထုပ်လုပ်ထားတဲ့အတွက် လက်တလော high-end cpu တွေထဲမှာတော်တော်လေးကို hot ဖြစ်နေပါတယ်။ လောလောဆယ်တော့ desktop တွေအတွက်သာရနိုင်ပြီးတော့၊ laptop တွေအတွက်တော့ လာမယ့် 2022 နှစ်စပိုင်းလောက်မှာထွက်ရှိလာနိုင်ပါတယ်။ နောက်ဆုံးပေါ် DDR5 ram များနဲ့ Intel 12 Gen များနဲ့ သုံးဖို့ ထုတ်လုပ်ထားတဲ့ Motherboard များဟာလဲ လက်ရှိမှာ တော်တော်များများ ဟာ gaming အတွက် အကောင်းဆုံးလို့ သုံးသပ်နေကြပါတယ်။ ဒါဟာ အထူးသဖြင့် mid range price အဖြစ်ရနိုင်တဲ့ i5 12600K CPU ကြောင့်လို့ဆိုပါတယ်။12th gen intel core ဟာဆိုရင် Thunderbolt 4 နဲ့ Wifi 6E ကို support ပေးပါတယ်။ နောက်ပြီးတော့ 8K HDR အထိ support ပေးတာကြောင့် graphics intensive ဖြစ်တဲ့ video editing, rendering နဲ့ gaming တွေအတွက် တော်တော်လေးက်ုအဆင်ပြေစေမှာဖြစ်ပါတယ်။
Price
လက်တစ်လော USA ဘက် မှာ အကြမ်းမျင်းအားဖြင့်တွေ့ရှိရနိုင်တဲ့ Alder Lake Desktop Chip ရဲ့ price တွေဖြစ်ပါတယ်။ Core i9-12900K - $589
Core i9-12900KF - $564
Core i7- 12700K - $409
Core i7-12700KF - $384
Core i5-12600K - $289
Core i5-12600KF - $264



Fun facts
Intel core 12th gen series ကို code name အဖြစ် Alder Lake ဆိုပြီးတော့နာမည်ပေးခဲ့ပါတယ်။ Alder Lake series က 10nm advanced ကိုအခြေခံပြီးတော့ထုပ်လုပ်ထားပါတယ်။
10nm ဆိုတာဘာလဲ?
10 nm ဆိုတာဟာ 10 nanometers ရဲ့အတိုကောက် ဖြစ်ပါတယ်။ 10nm ဆိုတာ powerful ဖြစ်တဲ့ processor အမျိုးအစားဖြစ်ပါတယ်။ 10nm processor တွေရဲ့ကောင်းမွန်တဲ့အချက်တွေကတော့ သူတို့ဟာ အရွယ်အစားအရသေးငယ်ကြတယ်၊ power သုံးစွဲမှုနည်းပါးတဲ့အတွက်ကြောင့်မို့ 10nm အသုံးပြူတဲ့ devices တွေဟာ battery စားသက်သာပါတယ်။ 10 nm processor တွေက အင်အားသုံးစွဲမှုနည်းပါးတာကြောင့် အပူထုတ်လွှတ်မှုလည်း နည်းပါးပါတယ်။ History of 10nm (10nm ရဲ့သမိုင်းကြောင်း) 10nm processor တွေရဲ့ထုတ်လုပ်မှုသမိုင်းကြောင်းနဲ့ စဉ့်ကဲဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းဟာ တော်တော်ပင်ရှည်လျားပါတယ်။ ဒါကြောင့်မို့ 10nm ကိုအသုံးပြုခဲ့တဲ့ devices တွေရဲ့သမိုင်းကြောင်းကိုဦးစွာပြောပြသွားပါမယ်။ 10nm ကို 2013ခုနှစ် April လ မှာ Samsung ကစတင်ကြေငြာခဲ့ပါတယ်။ 2016 October လမှာစပြီးတော့ SoC လို့ခေါ်တဲ့ 10nm chip တွေကိုအမြောက်အများထုတ်လုပ်ခဲ့ပါတယ်။ 2017 April လမှာထုတ်လုပ်တဲ့ Samsung Galaxy S8 smartphone တွေမှာ 10nm processor တွေကိုအသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Apple ကထုတ်လုပ်တဲ့ 2nd gen iPad pro tablets တွေမှာ10nm FinFET process (Apple A10X)လို့ခေါ်တဲ့ processor တွေကို အသုံးပြုခဲ့ပါတယ်။ 2018 April မှာတော့ intel က 10nm cpuတွေကိုအမြောက်အများထုတ်လုပ်ခဲ့ပါတယ်။ ခုလက်တလော Nvidia GeForce 30 series GPUs တွေမှာ Samsung က 8nm နည်းပညာကိုယူကာ ကိုယ်တိုင်ထုပ်လုပ်ခဲ့ပါတယ်။ lower the nm better the performance လို့ မှတ်သားထားနိုင်ပါတယ်။ Nanometres တွေထက်ပိုပြီး advanced ဖြစ်တဲ့နည်းပညာတွေနဲ့ devicesတွေကို 2021နောက်ပိုင်းမှာအမြောက်အများမြင်တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထို အကြောင်းအရာများကိုစိတ်၀င်စားသိရှိလိုပါကwww.techxido.com/blog မှာ subscribe လုပ်ဖတ်ရှုနိုင်သလို Techxido မှ အသစ်ရောက်မဲ့ video/productတွေကိုစိတ်ဝင်စားတယ်ဆိုရင်လဲ Facebook page နဲ့ YouTube channel ကို Subscribe and Like and Follow ပြုလုပ်သွားလို့ရပါတယ်။


Techxido, Dec 26th 2021

Related Posts

GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ
October 12, 2022
GPU တစ်ခုဟာMiningလုပ်ထားလားမလုပ်ထားလား ဘယ်လိုစစ်မလဲ

အခုလိုတနေ့ထက်တနေ့ အချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ Powerful ဖြစ်တဲ့ GPU ကိုဝယ်ယူဖို့ဆိုတာများစွာငွေကြေးကုန်ကျနိုင်ပါတယ်။ Mining အတွက် အသုံးပြုထားပြီးသော GPU တွေဟာ အသစ်တွေထက် ကုန်ကျစရိတ် သိသိသာသာ နည်းတာကြောင့် Crypto mining GPU ကတ်တွေကိုဝယ်ချင်လာနိုင်ပါတယ်။...

Read More
4 Best Gaming Monitors of All Time!
May 19, 2022
4 Best Gaming Monitors of All Time!

Best Gaming Monitor: Samsung LC32G75TQSNXZA   ကျွန်ုပ်တို့ စမ်းသပ်ပြီးသော အကောင်းဆုံး ဂိမ်းမော်နီတာမှာ Samsung LC32G75TQSNXZA ဖြစ်သည်။ ဂိမ်းကစားသူအများစု နှစ်သက်စေမည့် ဂိမ်းကစားနည်းကောင်းများပါရှိပါသည်။ ၎င်းသည် 27...

Read More
Drawer Title
Similar Products